။ နံနက်ခင်းဩဝါဒကထာ (စကား) ။

။ သူတစ်ပါးက အဖက်မလုပ်လည်း ဝမ်းမနည်းပါနှင့်။ ။ တစ်ယောက်တည်း နေရရင်လည်း ဝမ်းမနည်းပါနှင့်။ ။ ကြီးကျယ်ခမ်းနားထည်ဝါစွာ နေထိုင်ရလည်း ဝမ်းမသာပါနှင့်။ ။ မိမိကို အမြဲတမ်းအနိုင်ကျင့်လည်း ဝမ်းမနာပါနှင့်။ ။ မိမိကို အမြဲတမ်းအားပေးသူလည်း ဝမ်းမမြောက်နှင့်။ ။ လူ့ဘဝလေးနေရချိန်မှာ အေးအေးမြမြရှိဖို့က အဓိကပါ။ ။ ပူပူလောင်လောင် မနေရပါစေနှင့်။ ။ အကြင်နာဆိုတာလည်း ထာဝရမဟုတ်ဘူး။ ။ မေတ္တာဆိုတာလည်း လက်ဆောင်တွေပါပဲ။ ။ မြတ်နိုးမှုဆိုတာလည်း ဆိတ်သုဉ်းခြင်းပါပဲ။ ။ ချစ်ခြင်းမေတ္တာလည်း ကုန်ခန်းသွားတတ်တာပါပဲ။ ။ ဒီနေ့တော့ တစ်ယောက်တည်းပဲ နေကြည့်လိုက်။ တောင်ကလေးဆရာတော်(၂၇.၉.၂၀၂၀) ရက်နေ့နံနက်။